My First Book Soft Book

Ks12,000

Size: 16 cm x 18 cm
Material: Fabric
Product code: Z141

In stock

SKU: B9141 Category:

Description

ဒီစာအုပ်လေးရဲ့မျက်နှာဖုံးကာဗာလေးဟာဆိုရင်ချစ်စရာကောင်းတဲ့ကောင်မလေးရဲ့ကျစ်စံမြီးအဝါလေးတွေကအရှင်လေးတွေကျစ်ထားပါတယ်။အထဲမှာတော့ “Count the Numbers”ဆိုပီးကြိုးတန်းလေးတွေထဲစက်ဝိုင်းပုံလေးတွေထည့်ပီးအရေအတွက်တွေကိုရေတွက်ခိုင်းစေတာပါ။နောက်တခုက “Tell me the time” ဆိုပီးစက်ဝိုင်းပုံနာရီလေးနဲ့ပြပေးထားပါတယ်။အဲ့နာရီလေးမှာလက်တံလေးတွေကအရှင်လေးတွေမို့လှည့်ပေးလို့ရပါတယ်။ 

နောက် “Open the buttons” ဆိုပီးအိတ်လေးကိုကြယ်သီးလေးတပ်ပေးထားပါတယ်။ကြယ်သီးလေးကအရှင်လေးမို့ဖြုတ်လို့တပ်လို့ရပါတယ်နော်။နောက် “Pull the Zipper” ဆိုပီးအင်္ကျီလေးရဲ့အလည်မှာဇစ်လေးကိုတပ်ပေးထားပါတယ်။ကလေးတို့အင်္ကျီဇစ်လေးကအရှင်လေးမို့ဆွဲကြည့်လို့ရပါတယ်နော်။

ပြီးတော့ “Open the buckle” ဆိုပီးဘောင်းဘီလေးမြှခါးပတ်လေးကိုတပ်ပေးထားပါတယ်။ခါးပတ်လေးကအရှင်လေးမို့ဖြုတ်လို့တပ်လို့ရပါတယ်နော်။နောက် “Tie the shoe” ဆိုပီးဖိနပ်လေးကိုကြိုးအရှင်လေးတွေနဲ့ချည်ပေးထားပါတယ်။ဖိနပ်ကကြိုးလေးတွေကိုအလွယ်တကူချည်ကြည့်ကြပါအုံးနော်။

နောက်ဆုံးမှာတော့ “Wear gloves”တဲ့။လက်အိတ်ပုံလေးကအရှင်လေးမို့လက်ကလေးကိုလက်အိတ်ထဲထည့်ပီးစွပ်ကြည့်လို့ရပါတယ်နော်။နောက် “Shape and color” ဆိုပီးစက်ဝိုင်း၊ကြယ်၊အသဲပုံ၊လေးထောင့်၊တြိဂံပုံလေးတွေကိုဖော်ပြပေးထားပါတယ်။သူတို့လေးတွေကအရှင်လေးတွေမို့ကပ်လို့ခွာလို့ရပါတယ်နော်။

 အရမ်းကို ချစ်စရာကောင်းပီး အရုပ်အရှင်လေးတွေမို့ သားသားမီးမီးလေးတို့ ပီုပီး သဘောကျနှစ်သက်ကြမယ် ထင်ပါတယ်။

အဝတ်နဲ့ ချုပ်ထားတာမို့ ရေစိုစုတ်ပြဲ ခံပါတယ်။ ညစ်ပေသွားရင်လဲ လျှော်လို့ ရပါတယ်။ ကလေးရဲ့ ထိတွေ့မှု အာရုဏ်၊ အမြင်အာရုဏ် တွေကို လှုံ့ဆော်မှု (tactile and visual stimulation) ပေးနိုင်တဲ့ အတွက် ကလေးရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုကို အားကောင်းစေပါတယ်။ Activity လေးတွေလဲ ပါတဲ့အတွက် ကလေးရဲ့ အဏုစိတ် ကာယ (fine motor function) ဖွံ့ဖြိုးမှုကို အားကောင်းစေပါတယ်။


My First Book Soft Book
My First Book Soft Book

Additional information

Dimensions 18 × 16 cm
Country of Origin

China

Material

Fabric

Condition

New

Google Products Categories

7198

Brand

Age

, ,

Reviews

There are no reviews yet.

Be the first to review “My First Book Soft Book”

Your email address will not be published. Required fields are marked *