Read more about the article ကလေးကိုပေးတဲ့ ကတိကိုမဖျက်ပါနဲ့
ကလေးကို ကတိပေးပြီးရင် မဖျက်ပါနဲ့။ ကတိကို အဖြည့်ဆည်း ပေးနိုင်ဘူး ဆိုရင် အစကတဲက ကတိမပေးပါနဲ့။

ကလေးကိုပေးတဲ့ ကတိကိုမဖျက်ပါနဲ့

ကျွန်တော်တို့ မိဘလုပ်တဲ့သူ တော်တော်များများမှာ မကောင်းတဲ့ အကျင့််တစ်ခု ရှိပါတယ်။ အဲ့တာကတော့ ကိုယ့်ကလေး အရမ်းပြောရခက်လာရင် စကားနည်း ရန်ဆဲ နောင်ခါလာ၊ နောင်ခါဈေး၊ နောက်မှကြည့်ရှင်းမယ် ဆိုပြီး ကလေးကို အလွယ်တကူ ကတိပေးလိုက်တာပါ။ ပေးလိုက်တဲ့ ကတိကလဲ ဘာမှာ ကြီးကြီးမားမား မဟုတ်ပါဘူး။ အိပ်ရာကနိုးရင် ဈေးခေါ်သွားမယ် ဆိုတာမျိုး၊ နောက်တစ်ခေါက် ဈေးသွားမှပဲ အရုပ်ဝယ်ပေးမယ် ဆိုတာမျိုး၊ အသေးအမွှား လေးတွေပါ။ ကလေးက မေ့သွားမှာပဲ ဆိုပြီး လွယ်လွယ်ပဲ ကတိပေးလိုက်ပါတယ်။ တကယ်တမ်း ကလေးက မမေ့တဲ့ အခါကျတော့ (ကလေးတွေဟာ လူကြီးတွေထက် အမှတ်သညာ ကောင်းကြပါတယ်)၊ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ ကတိကို ဖျက်ဖို့ကြိုးစား ကြပါတယ်။ လူကြီးလုပ်တဲ့ သူရဲ့ စိတ်ထဲမှာတော့ ဒါအသေးအမွှားပါလို့ ထင်ပေမယ့် ကလေးအတွက်ကတော့ အလွန်တရာ ပြစ်မှုကြီးမားသော ကတိဖောက်ဖျက်မှုကြီးပါပဲ။ ဒီလို လူကြီးလုပ်တဲ့သူက ကတိမတည်တဲ့ အခါမျိုးတွေ များလာတော့ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်လာ နိုင်ပါတယ်။ အောင်မှာ ဘာ့ကြောင့် လူကြီးတွေဟာ ကလေးတွေကို ပေးတဲ့ ကတိတွေကို စောင့်ထိန်းသင့်သလဲ၊ အလွယ်တကူ မဖျက်ပစ် သင့်သလဲဆိုတဲ့ အကြောင်းပြချက် (၅) ချက်ကို ဖော်ပြပေး ထားပါတယ်။ (၁) ကလေးတွေကိုပေးတဲ့ ကတိကို စောင့်ထိန်းခြင်းအားဖြင့် ကလေးတွေဟာ လူကြီးမိဘတွေပြောတဲ့စကားတွေကို ယုံကြည်မှု ရစေပါတယ် ကျွန်တော်တို့ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ဆိုဆုံးမတဲ့ စကားတွေကို ကလေးက အလေးထား နားထောင်ပြီး ယုံယုံကြည်ကြည်နဲ့ လိုက်နာစေလိုပါတယ်။ ဒါပေမယ့် အကယ်လို့ မိဘလုပ်သူက ကလေးကို ကတိတွေပေးပြီး မတည်ပဲ ဖျက်ပစ်တတ်တယ်ဆို ဒီမိဘက ပြောတဲ့စကားတွေကို ဘယ်ကလေးက ယုံကြည်တော့မှာလဲ။ ဒီတစ်ခါလဲ အင်ပါပဲ ဆိုပြီးတော့ပဲ ကလေးက တွေးတော့မှာပေါ့။ မိဘက ကတိတည်ခြင်းအားဖြင့် ကလေးက မိဘပြောတဲ့ စကားတွေကို ယုံကြည်စေတဲ့အတွက် မိဘစကား နားထောင်တဲ့ သားသမီးကောင်းလေးတွေ ဖြစ်လာဖို့ လေ့ကျင့်ပေးရာ ရောက်ပါတယ်။ ဒါ့ကြောင့် စကားနားထောင်တဲ့ သားလိမ္မာ၊ သမီးလိမ္မာလေးတွေ ဖြစ်စေချင်ရင် အရင်ဆုံး ကိုယ်က ကလေးကို ပေးတဲ့ ကတိကို တည်အောင် အရင်လိုက်နာ လုပ်ဆောင်ပေးပါ။ (ကတိမတည်နိုင်ရင် အစကတဲက မပေးပါနဲ့။ ပေးပြီးရင်လဲ အလွယ်တကူ မဖျက်ပြစ်ပါနဲ့။) (၂) လူကြီးက…

Continue Readingကလေးကိုပေးတဲ့ ကတိကိုမဖျက်ပါနဲ့
Read more about the article ကလေးတွေဖတ်ဖို့ စာအုပ်တွေကို ဘယ်လို ရွေးပေးမလဲ
ကလေးတွေဖတ် ဖို့ စာအုပ်တွေ ရွေးချယ်ရာမှာ အသက်အရွယ်အလိုက် သင့်တော်တဲ့ စာအုပ်တွေကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

ကလေးတွေဖတ်ဖို့ စာအုပ်တွေကို ဘယ်လို ရွေးပေးမလဲ

ကိုယ့်ကလေးကို စာတတ်စေချင်၊ စာဖတ်စေချင်ကြတာ မိဘတိုင်းပါပဲ။ ဒီလိုကလေးက စာဖတ်များဖို့၊ စာဖတ်တာ ဝါသနာပါဖို့ဆိုရင် ကလေးဖတ်ဖို့ ကလေးရဲ့ အသက်အရွယ်နဲ့ လိုက်လျောညီထွေတဲ့ စာအုပ်တွေကို မိဘတွေက ရွေးချယ်ပေးဖို့ အရေးကြီးပါတယ်။ အောက်မှာ ကလေးရဲ့ အသက်အရွယ်အလိုက် ဘယ်လို စာအုပ်မျိုးတွေကို ရွေးချယ်ပေးသင့်သလဲဆိုတာ ဖော်ပြပေး ထားပါတယ်။ အသက် ၃ နှစ်အောက် ကလေးတွေ ဒီအရွယ် ကလေးတွေဟာ အရောင်တောက်တောက် အရုပ်တွေကို နှစ်ချိုက်ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ ရှုပ်ထွေးတဲ့ အရုပ်တွေ၊ ပုံတွေကို စိတ်ဝင်စားခြင်း မရှိပဲ ရှင်းလင်းလွယ်ကူတဲ့ ပုံတွေ၊ ဝတ္ထုပစ္စည်းတွေကို နှစ်ချိုက်ကြပါတယ်။ စာအုပ်တွေကိုလဲ ရိုသေစွာ ကိုင်တွယ်နိုင်မှု မရှိသေးသလို စာမျက်နှာတွေကိုလဲ ကောင်းစွာ မလှန်နိုင် ကြသေးပါဘူး။ သူတို့တွေဟာ နားထောင်ရတာကို နှစ်သက်ကြပြီး ကဗျာလေးတွေ ရွတ်ဆိုရတာ၊ နားထောင်ရတာကိုလဲ နှစ်သက်ကြပါတယ်။ ရှုပ်ထွေးတဲ့ ဝါကျတွေကို နားလည်နိုင်စွမ်း မရှိသေးတဲ့အတွက် သူတို့ကို ဖတ်ပြမယ့် စာကြောင်းတွေဟာ ရှင်းလင်းလွယ်ကူတဲ့ စာကြောင်းတွေ၊ စကားလုံးတွေ ဖြစ်ဖို့လိုပါတယ်။ စာတွေကို ဖတ်ပြတာထက် စာမပါတဲ့၊ ဒါမှမဟုတ် စာလုံးနဲနဲပဲ ပါတဲ့ ရုပ်ပုံစာအုပ်တွေကို နှစ်သက်ကြပါတယ်။ ဒီလို စာမဲ့ရုပ်ပုံ စာအုပ်တွေဟာ ကလေးတွေရဲ့ ပုံပြောစွမ်းအားနဲ့ စိတ်ကူးကွန့်မြူးမှုစွမ်းအားတွေကိုလဲ အားပေးပါတယ်။ ဒါ့ကြောင့် ဒီအရွယ် ကလေးတွေအတွက် အရောင်အသွေး စိုပြည်တဲ့ ကတ်ထူစာအုပ် (Board Books) တွေနဲ့ အဝတ်နဲ့ ချုပ်ထားတဲ့ စာအုပ်တွေဟာ ကလေးတွေအတွက် အထူးသင့်လျှော်ပါတယ်။ Board Books မူကြိုအရွယ် (၃ နှစ်က ၅ နှစ်အကြား) ဒီအရွယ်ကလေးတွေဟာ ပိုမိုခက်ခဲတဲ့ စကားလုံးနဲ့ ဝါကျတွေကို စတင်နားလည်နိုင်ပါပြီ။ Activity လေးတွေလုပ်ရတာ၊ ဟန်လုပ်ကစားရတာတွေကိုလဲ နှစ်သက်ကြပါတယ်။ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အရာဝတ္ထုတွေနဲ့ ပုံထဲက ရုပ်ပုံတွေကို ဆက်စပ်ကြည့်ရတာလဲ ပျော်ရွှင်ကြပါတယ်။ ကလေးကဗျာတွေရွတ်ဆိုရတာ ပျော်ရွှင်ကြပါတယ်။ သူတို့အတွက် လွယ်ကူတဲ့ ပုံပြင်စာအုပ်လေးတွေ၊ Pop Up စာအုပ်တွေ၊ activity တွေပါတဲ့ စာအုပ်တွေကို ရွေးချယ်ပေးသင့်ပါတယ်။ Picture Story Books မူလတန်းအရွယ် (၅ နှစ်က ၈ နှစ်အကြား) ဒီအရွယ် ကလေးတွေဟာ စာဖတ်စသင်တဲ့ အရွယ်တွေ ဖြစ်ပါတယ်။ အစပိုင်းမှာ လွယ်ကူတဲ့ ဝါ…

Continue Readingကလေးတွေဖတ်ဖို့ စာအုပ်တွေကို ဘယ်လို ရွေးပေးမလဲ
Read more about the article The 5 Love Languages of Children
ကလေးတွေကို သူတို့နားလည်တဲ့ ချစ်ခြင်းမေတ္တာ ဘာစာစကားနဲ့ ပြောဆိုဖို့ လိုအပ်ပါတယ်။

The 5 Love Languages of Children

သင့်ကလေးကို သင်ချစ်သလား။ ချစ်တာပေါ့ မချစ်ပဲ နေပါ့မလား၊ ကိုယ့်ကလေးပဲဟာကို။ နေ့တိုင်းလဲ သားသားကို၊ မီးမီးကို မေမေဖေဖေက ဘယ်လောက် ချစ်ကြောင်း ပြောရတာ မရိုးနိုင်အောင်ပဲ။ ဒါဆို သင်ချစ်ကြောင်း သင့်ကလေး တကယ် သိနားလည်ရဲ့လား။ သင့်အချစ်ကို သင့်ကလေး တကယ်ပဲ ခံစားသိရှိသလား။ ကလေးငယ်တွေအတွက် ချစ်ခြင်းမေတ္တာဟာ အရေးကြီးပါတယ်။ ငယ်စဉ်မှာ မိဘရဲ့ ချစ်ခြင်းမေတ္တာကို ခံစားရတဲ့ ကလေးတွေဟာ ဘဝမှာ အောင်မြင်မှုတွေရဖို့ အခွင့်အလမ်း ပိုများသလို ဘဝတစ်လျှောက်မှာ ပျော်ရွှင်စွာ နေထိုင်နိုင်တတ်ကြပါတယ်။ ငယ်စဉ်က ချစ်ခြင်းမေတ္တာကို ကောင်းစွာ မခံစားရတဲ့ ကလေးတွေဟာ အသက်ကြီးလာတဲ့ အခါ လူအများနဲ့ အဆင်ပြေအောင် ပေါင်းသင်းနိုင်မှုစွမ်းအား နည်းကြပြီး ဘဝမှာ ပျော်ရွှင်မှုကိုလဲ ကောင်းစွာ အခံစားရတတ် ကြပါဘူး။ ကလေးငယ်တစ်ယောက်ကို မိဘက ချစ်တယ်လို့ ပါးစပ်က ပြောရုံနဲ့ ကလေးက နားလည်မယ်၊ မိဘရဲ့ ချစ်ခြင်းမေတ္တာကို ခံစားရမယ်လို့ တစ်ထစ်ချ မှတ်ယူလို့ မရပါဘူး။ ကလေးကို သူလိုချင်တာတွေ အကုန်လုပ်ပေးရုံ၊ သူလိုချင်တာအားလုံး ဝယ်ပေးရုံနဲ့လဲ ကလေးက မိဘရဲ့ ချစ်ြခင်းမေတ္တာကို ခံစားရချင်မှ ခံစားရမှာပါ။ မိဘရဲ့ ချစ်ခြင်းမေတ္တာကို ကလေးက ခံစားနားလည် သိရှိဖို့ဆိုရင် သူတို့နားလည်တဲ့ ချစ်ခြင်းမေတ္တာ ဘာသာစကားနဲ့ ပြောမှ ကလေးက နားလည်မှာပါ။ ကလေးနားလည်တဲ့ ချစ်ခြင်းမေတ္တာ ဘာသာစကား ငါးမျိုးရှိပါတယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက် နားလည်တဲ့ ဘာသာစကား မတူညီတဲ့ အတွက် ကလေးတစ်ယောက်ချင်းစီကို သူနားလည်တဲ့ ချစ်ခြင်းမေတ္တာ ဘာသာစကားနဲ့ ပြောဖို့လိုပါတယ်။ ချစ်ခြင်းမေတ္တာ ဘာသာစကား (၁)။ ထိတွေ့မှု ကလေးအများစု နားလည်တဲ့ ချစ်မေတ္တာ ဘာသာစကားကတော့ ထိတွေ့မှုပါ။ ထိတွေ့မှုဆိုတာမှာ ကလေးကို မိဘက ယုယထွေးပွေ့တာ၊ ပွေ့ဖက်တာ၊ နမ်းရှုံ့တာ အစရှိတာတွေ အကုန်ပါပါတယ်။ ကလေးငယ်ငယ်မှာ မိဘက ကလေးကို ယုယုယယ ချီပိုးတာ၊ မွှေးမွှေးပေးတာတွေဟာ ချစ်မေတ္တာကို ကလေးနားလည်တဲ့ ဘာသာစကားနဲ့ ပြဆိုတာပါပဲ။ မိဘ အတော်များများဟာ ကလေးနည်းနည်း ကြီးလာရင် ကိုယ့်ကလေးကို ယုယုယယ ထွေးပွေ့ဖို့ မေ့လျှော့ သွားကြပါတယ်။ အချို့မိဘတွေကလဲ ငွေရှာတဲ့ အလုပ်ပဲ လုပ်နေတော့ ကလေးကို ပွေ့ဖက်နမ်းရှုံ့ဖို့ အချိန်မရ ကြပါဘူး။ ဒီအခါ ကလေးက သူ့ကို…

Continue ReadingThe 5 Love Languages of Children
Read more about the article မိမိကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်မယ့် ရှင်းလင်းလွယ်ကူတဲ့ နည်းလမ်း ၈ ချက်
မိမိကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးခြင်းဖြင့် အောင်မြင်တဲ့ ကလေးတွေ ဖြစ်လာအောင် အားပေးကူညီ နိုင်ပါတယ်။

မိမိကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်မယ့် ရှင်းလင်းလွယ်ကူတဲ့ နည်းလမ်း ၈ ချက်

မိမိကိုယ်ကိုယ် တန်ဖိုးထားမှုဟာ ဘဝမှာ အောင်မြင်မှုရဖို့ အရေးပါကြောင်း ကျွန်တော်တို့ တင်ပြခဲ့ ပါတယ်။ ဒီအပါတ်မှာတော့ မိဘတွေအနေနဲ့ ကလေးတွေရဲ့ မိမိကိုယ်ကို တန်ဖိုးထားမှုကို မြင့်တက်အောင် ပြုစုပျိုးထောင်ဖို့ လွယ်လွယ်ကူကူ လိုက်နာလုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို တင်ပြပေးပါ့မယ်။ ၁။ ကလေးတွေကို ရွေးချယ်ခွင့် ပေးပါ ကလေးတွေကို သူတို့လုပ်ဆောင်မယ့် အပြုအမူတွေအတွက် ရွေးချယ်ခွင့်ပေးတာဟာ ကလေးရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုနဲ့ တန်ဖိုးထားမှုကို မြင့်တက်လာစေပါတယ်။ ရွေးချယ်ခွင့်ဆိုရာမှာ သူကြိုက်တာ သူလုပ်ခွင့်ပေးတာ မဟုတ်ပဲ မိဘက ကြိုတင်ပြီး ရွေးချယ်ပေးထားတဲ့ ရွေးချယ်ခွင့်တွေထဲက ရွေးချယ်ခွင့် ပေးဖို့ လိုပါတယ်။ ဥပမာ၊ မနက်စာအတွက် ဆံပြုတ်နဲ့ ပေါင်မုန့်ထောပတ်သုတ် နှစ်ခုထဲက ကြိုက်ရာ ရွေးချယ်ခွင့် ပေးတာမျိုး၊ ထမင်းအရင်စားမလား၊ ရေအရင် ချိုးမလား ရွေးချယ်ခွင့် ပေးတာမျိုး၊ အရုပ်နှစ်မျိုးထဲက ဘယ်အရုပ်ကို ဝယ်မလဲ ရွေးချယ်ခွင့် ပေးတာမျိုး။ ၂။ ကလေးအတွက် အကုန်လုံး လူကြီးတွေက လုပ်မပေးပါနဲ့ ကလေးကို သူလုပ်နိုင်မယ့် အရာတွေကို သူ့ဟာသူ လုပ်ပါစေ။ လူကြီးတွေက ကလေးတွေအတွက် အကုန်လုပ်ပေးတဲ့ အချက်ထဲမှာ အဓိက အကြောင်းရင်း တစ်ချက်ကတော့ ကလေးကလုပ်ရင် အချိန်ကြာတော့ လူကြီးလုပ်တဲ့ သူက စိတ်မရှည်တော့ပဲ လုပ်ပေးလိုက်တာပါ။ ဥပမာ ကလေးက အင်္ကျီဝတ်ရင် အချိန်ကြာတော့ လူကြီးလုပ်သူက စိတ်မရှည်ပဲ ဝတ်ပေးလိုက်တာမျိုးပေါ့။ စိတ်ရှည်ပါ။ ကလေးအတွက် အင်္ကျီဝတ်တာဟာ သူကျော်လွှားရမယ့် အခက်အခဲ တစ်ခုဖြစ်ပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ရင် ကလေးရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု မြင့်တက်လာမှာ ဖြစ်ပါတယ်။ ၃။ ဘယ်သူမှာ ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ဘူးဆိုတာ ကလေးသိအောင် ရှင်းပြပါ ကလေးက တစ်ခုခုကို မလုပ်နိုင်တဲ့အခါ၊ ဒါမှမဟုတ် ပြည့်စုံအောင် မလုပ်နိုင်တဲ့အခါ ဝမ်းနည်းပြီး စိတ်ဓါတ်ကျတတ်ပါတယ်။ ဘယ်သူမှ ခြောက်ပစ်ကင်းသဲလဲစင် မဟုတ်ဘူးဆိုတာ နားလည်အောင် ရှင်းပြပါ။ သူ့အနေနဲ့ ကိစ္စအားလုံးကို ခြောက်ပစ်ကင်း သဲလဲစင် ဖြစ်အောင်လုပ်စရာ မလိုဘူးဆိုတာ နားလည်အောင် ရှင်းပြပါ။ မိဘကလဲ ကိုယ့်ကလေး မလုပ်နိုင်ရင် ဆူတာ၊ အပစ်တင်တာ၊ ဒါမှမဟုတ် ဒါလေးတောင် မလုပ်နိုင်ရကောင်းလားဆိုတာကို ကိုယ်အမူအရာနဲ့ ပြတာတွေ ရှောင်ကျဉ်ဖို့ လိုပါတယ်။ ၄။ အနှစ်မပါတဲ့ ချီးမွမ်းမှုတွေကို ရှောင်ကျဉ်ပါ အနှစ်မပါတဲ့၊ မမှန်တဲ့…

Continue Readingမိမိကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်မယ့် ရှင်းလင်းလွယ်ကူတဲ့ နည်းလမ်း ၈ ချက်
Read more about the article Essential Life Skills for Pre-School Children
ခွက်ကနေ ရေသောက်နိုင်တာဟာလဲ ကလေးတွေအတွက် အလွန်အရေးပါတဲ့ စွမ်းရည်တစ်ခုပဲ ဖြစ်ပါတယ်။

Essential Life Skills for Pre-School Children

ကျောင်းမနေမီမှာ ကလေးငယ်တွေကို သူတို့ရဲ့ ဘဝအတွက် အရေးပါတဲ့ Life Skills တွေ တတ်ကျွမ်းအောင် သင်ကြားပေးဖို့ အရေးကြီးပါတယ်။ ကလေးဟာ အရာအားလုံးကို မိဘကိုချည်း မှီခိုနေတာမျိုး မဖြစ်စေပဲ သူတို့တတ်နိုင်တဲ့ အရာတွေကို သူတို့ဟာ သူတို့ လုပ်နိုင်အောင် ငယ်ငယ်ကတဲက လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်ပါတယ်။ အောက်မှာ ကျောင်းမနေမီ ကလေးငယ်တွေ တတ်ကျွမ်းသင့်တဲ့ Life Skill ၁၆ မျိုးကို တစ်ခုချင်း ရှင်းပြပေးထားပါတယ်။ ကလေး ကျောင်းမသွားမီ ဒါတွေအားလုံး တတ်ကျွမ်းအောင် သင်ကြားပေးထားခြင်းဖြင့် ကလေးရဲ့ မိမိကိုယ်ကို ယုံကြည်စိတ်၊ တန်ဖိုးထားစိတ်လဲ မြင့်တက်လာ စေမှာပါ။ ၁။ ကလေးအသက် ၈ လ လောက်ဆို ပိုက်နဲ့ စုပ်ပြီး သောက်တတ်အောင် သင်ပေးလို့ ရပါပြီ. အသက် ၁ နှစ်ခွဲ လောက်မှာ ခွက်ကနေ သောက်တတ် အောင် သင်ပေးပါ။ ၂။ ကလေး အသက် ၁ နှစ်ခွဲလောက်ဆို ဇွန်းနဲ့ ကိုယ့်ဟာကိုယ် စားတတ်အောင် သင်ပေးပါ။ အသက် ၁ နှစ်ခွဲလောက်ကစပြီး ကလေးကို ဇွန်းနဲ့ စားတတ်အောင် လေ့ကျင့်ပေးပါ။ ၃။ ကလေးအသက် ၁ နှစ်ခွဲလောက်ဆို စာအုပ်တွေ မဆုတ်ပြဲစေပဲ စာမျက်နှာတွေ တစ်ရွက်ချင်း လှန်တတ်အောင် သင်ပေးပါ။ ၄။ လက်ကို သေချာဆေးတတ်အောင် အသက် ၁ နှစ်လောက်က စပြီး သင်ပေးပါ။ အသက် ၅ နှစ် ကျောင်းစနေချိန်ဆို လက်ကို ဆပ်ပြာနဲ့ သေချာ စင်ကျယ်အောင် ဆေးတတ်အောင် သင်ပေးဖို့ လိုပါတယ်။ ၅။ အသက် ၁ နှစ်ခွဲနဲ့ ၂ နှစ် ကြားလောက်ကစလို့ သူတို့ကစားလို့ ဖိတ်စင်ကျတောတွေကို သူတို့ဖာသူတို့ အဝတ်နဲ့ သုတ်ပြီး သန့်ရှင်းတတ်အောင် စသင်ပေးပါ။ ၆။ အသက် ၁ နှစ်ခွဲလောက်က စလို့ သွားတိုက်တတ်အောင် စသင်ပေးပါ။ ကျောင်းစနေတဲ့ အချိန်မှာ ကိုယ့်သွားကို ကိုယ်ကိုယ်တိုင် စင်ကျယ်အောင် တိုက်တတ်သင့်ပါပြီ။ အသက် ၁ နှစ်ခွဲလောက်ကစပြီး သွားတိုက်တတ်အောင် စသင်ပေးပါ။ ၇။ အသက် ၂ နှစ်လောက်ကစလို့ ကိုယ်ဝတ်ပြီးသား အဝတ်ဟောင်းတွေကို အဝတ်ဟောင်းခြင်းထဲ ထည့်တတ်အောင် လေ့ကျင့်သင်ကြားပေးပါ။ ၈။…

Continue ReadingEssential Life Skills for Pre-School Children