Peekaboo Animals Cloth Book
Ks9,000
Product Code: Z145
Material: Fabric / Cloth
Pages: 8 pages
Out of stock
Description
ဒီစာအုပ်လေးကတော့ ” Peekaboo” တဲ့။ မြန်မာလိုကတော့ “တူ..တူ..ရေ…ဝါး” လို့ အဓိပ္ပါယ် ရပါတယ်။ ကဲ…. အရုပ်ကလေးတွေရဲ့ သရုပ်ဆောင်ပုံလေးတွေကို ကြည့်လိုက်ရအောင်နော်။
ပထမ စာရွက်လေးမှာတော့ ကျားလေးက သူ့မျက်လုံးလေးနှစ်ဖက်ကို အုပ်ပြီးတော့ “တူ…တူ…ရေ…ဝါး” လုပ်နေတဲ့ ပုံလေးကို ဖော်ပြပေးထားပါတယ်။ နောက်တစ်ခုကတော့ ဘဲပေါက်လေးက Flapလေးရဲ့ အောက်မှာ ဝင်ပုန်းနေတဲ့ ပုံလေးပါ။
ဒုတိယ စာရွက်လေးမှာတော့ ကြောင်လေးက Flapလေးရဲ့အောက်မှာ ဝင်ပုန်းနေတဲ့ ပုံလေးကို ဖော်ပြပေးထားပါတယ်။ နောက်တစ်ခုကတော့ ယုန်လေးက သူ့ရဲ့ နားရွက်လေးတွေကို ဖွက်ထားတဲ့ ပုံလေးပါ။
တတိယ စာရွက်လေးမှာတော့ ခွေးစုတ်ဖွားလေးက သူ့ရဲ့ မျက်လုံးလေးတွေကို ခေါင်းစွပ် Flapလေးနဲ့ ဖုံးကွယ်ထားပါတယ်။ နောက်တစ်ခုကတော့ ဝက်ဝံလေးက သူ့ရဲ့ မျက်လုံးလေးတွေကို လက်ကလေးနဲ့ အုပ်ပြီး ” တူ….တူ…ရေ…ဝါး” လုပ်ပြနေတဲ့ ပုံလေးပါ။
နောက်ဆုံးစာရွက်လေးကတော့ ပင်ကွင်းငှက်ကလေးက သူရဲ့ မျက်လုံးလေးတွေကို လက်ကလေးနဲ့ အုပ်ပြီး “တူ…တူ…ရေ…ဝါး” လုပ်ပြနေတဲ့ ပုံလေးကို ဖော်ပြပေးထားပါတယ်။
ခုလို ချစ်စရာကောင်းတဲ့ သတ္တဝါလေးတွေနဲ့ Flagအရှင်လေးတွေကို သားသားမီးမီးလေးတို့ နှစ်သက် သဘောကြကျမယ်လို့ ထင်ပါတယ်နော်။ ပိတ်စသားတွေမို့ ညစ်ပေသွားလဲ ပြန်ပြီး လျှော်ပေးလို့ ရပါတယ်။ တကယ်ကို အရည်အသွေးကောင်းတဲ့ စာအုပ်ကောင်းလေးတွေပါ။


Additional information
| Weight | 0.1 kg |
|---|---|
| Condition | New |
| Country of Origin | China |
| Material | Fabric |
| Google Products Categories | 7198 |
| Age | |
| Brand |
























Reviews
There are no reviews yet.