Read more about the article The 5 Love Languages of Children
ကလေးတွေကို သူတို့နားလည်တဲ့ ချစ်ခြင်းမေတ္တာ ဘာစာစကားနဲ့ ပြောဆိုဖို့ လိုအပ်ပါတယ်။

The 5 Love Languages of Children

သင့်ကလေးကို သင်ချစ်သလား။ ချစ်တာပေါ့ မချစ်ပဲ နေပါ့မလား၊ ကိုယ့်ကလေးပဲဟာကို။ နေ့တိုင်းလဲ သားသားကို၊ မီးမီးကို မေမေဖေဖေက ဘယ်လောက် ချစ်ကြောင်း ပြောရတာ မရိုးနိုင်အောင်ပဲ။ ဒါဆို သင်ချစ်ကြောင်း သင့်ကလေး တကယ် သိနားလည်ရဲ့လား။ သင့်အချစ်ကို သင့်ကလေး တကယ်ပဲ ခံစားသိရှိသလား။ ကလေးငယ်တွေအတွက် ချစ်ခြင်းမေတ္တာဟာ အရေးကြီးပါတယ်။ ငယ်စဉ်မှာ မိဘရဲ့ ချစ်ခြင်းမေတ္တာကို ခံစားရတဲ့ ကလေးတွေဟာ ဘဝမှာ အောင်မြင်မှုတွေရဖို့ အခွင့်အလမ်း ပိုများသလို ဘဝတစ်လျှောက်မှာ ပျော်ရွှင်စွာ နေထိုင်နိုင်တတ်ကြပါတယ်။ ငယ်စဉ်က ချစ်ခြင်းမေတ္တာကို ကောင်းစွာ မခံစားရတဲ့ ကလေးတွေဟာ အသက်ကြီးလာတဲ့ အခါ လူအများနဲ့ အဆင်ပြေအောင် ပေါင်းသင်းနိုင်မှုစွမ်းအား နည်းကြပြီး ဘဝမှာ ပျော်ရွှင်မှုကိုလဲ ကောင်းစွာ အခံစားရတတ် ကြပါဘူး။ ကလေးငယ်တစ်ယောက်ကို မိဘက ချစ်တယ်လို့ ပါးစပ်က ပြောရုံနဲ့ ကလေးက နားလည်မယ်၊ မိဘရဲ့ ချစ်ခြင်းမေတ္တာကို ခံစားရမယ်လို့ တစ်ထစ်ချ မှတ်ယူလို့ မရပါဘူး။ ကလေးကို သူလိုချင်တာတွေ အကုန်လုပ်ပေးရုံ၊ သူလိုချင်တာအားလုံး ဝယ်ပေးရုံနဲ့လဲ ကလေးက မိဘရဲ့ ချစ်ြခင်းမေတ္တာကို ခံစားရချင်မှ ခံစားရမှာပါ။ မိဘရဲ့ ချစ်ခြင်းမေတ္တာကို ကလေးက ခံစားနားလည် သိရှိဖို့ဆိုရင် သူတို့နားလည်တဲ့ ချစ်ခြင်းမေတ္တာ ဘာသာစကားနဲ့ ပြောမှ ကလေးက နားလည်မှာပါ။ ကလေးနားလည်တဲ့ ချစ်ခြင်းမေတ္တာ ဘာသာစကား ငါးမျိုးရှိပါတယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက် နားလည်တဲ့ ဘာသာစကား မတူညီတဲ့ အတွက် ကလေးတစ်ယောက်ချင်းစီကို သူနားလည်တဲ့ ချစ်ခြင်းမေတ္တာ ဘာသာစကားနဲ့ ပြောဖို့လိုပါတယ်။ ချစ်ခြင်းမေတ္တာ ဘာသာစကား (၁)။ ထိတွေ့မှု ကလေးအများစု နားလည်တဲ့ ချစ်မေတ္တာ ဘာသာစကားကတော့ ထိတွေ့မှုပါ။ ထိတွေ့မှုဆိုတာမှာ ကလေးကို မိဘက ယုယထွေးပွေ့တာ၊ ပွေ့ဖက်တာ၊ နမ်းရှုံ့တာ အစရှိတာတွေ အကုန်ပါပါတယ်။ ကလေးငယ်ငယ်မှာ မိဘက ကလေးကို ယုယုယယ ချီပိုးတာ၊ မွှေးမွှေးပေးတာတွေဟာ ချစ်မေတ္တာကို ကလေးနားလည်တဲ့ ဘာသာစကားနဲ့ ပြဆိုတာပါပဲ။ မိဘ အတော်များများဟာ ကလေးနည်းနည်း ကြီးလာရင် ကိုယ့်ကလေးကို ယုယုယယ ထွေးပွေ့ဖို့ မေ့လျှော့ သွားကြပါတယ်။ အချို့မိဘတွေကလဲ ငွေရှာတဲ့ အလုပ်ပဲ လုပ်နေတော့ ကလေးကို ပွေ့ဖက်နမ်းရှုံ့ဖို့ အချိန်မရ ကြပါဘူး။ ဒီအခါ ကလေးက သူ့ကို…

Continue ReadingThe 5 Love Languages of Children
Read more about the article မိမိကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်မယ့် ရှင်းလင်းလွယ်ကူတဲ့ နည်းလမ်း ၈ ချက်
မိမိကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးခြင်းဖြင့် အောင်မြင်တဲ့ ကလေးတွေ ဖြစ်လာအောင် အားပေးကူညီ နိုင်ပါတယ်။

မိမိကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်မယ့် ရှင်းလင်းလွယ်ကူတဲ့ နည်းလမ်း ၈ ချက်

မိမိကိုယ်ကိုယ် တန်ဖိုးထားမှုဟာ ဘဝမှာ အောင်မြင်မှုရဖို့ အရေးပါကြောင်း ကျွန်တော်တို့ တင်ပြခဲ့ ပါတယ်။ ဒီအပါတ်မှာတော့ မိဘတွေအနေနဲ့ ကလေးတွေရဲ့ မိမိကိုယ်ကို တန်ဖိုးထားမှုကို မြင့်တက်အောင် ပြုစုပျိုးထောင်ဖို့ လွယ်လွယ်ကူကူ လိုက်နာလုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို တင်ပြပေးပါ့မယ်။ ၁။ ကလေးတွေကို ရွေးချယ်ခွင့် ပေးပါ ကလေးတွေကို သူတို့လုပ်ဆောင်မယ့် အပြုအမူတွေအတွက် ရွေးချယ်ခွင့်ပေးတာဟာ ကလေးရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုနဲ့ တန်ဖိုးထားမှုကို မြင့်တက်လာစေပါတယ်။ ရွေးချယ်ခွင့်ဆိုရာမှာ သူကြိုက်တာ သူလုပ်ခွင့်ပေးတာ မဟုတ်ပဲ မိဘက ကြိုတင်ပြီး ရွေးချယ်ပေးထားတဲ့ ရွေးချယ်ခွင့်တွေထဲက ရွေးချယ်ခွင့် ပေးဖို့ လိုပါတယ်။ ဥပမာ၊ မနက်စာအတွက် ဆံပြုတ်နဲ့ ပေါင်မုန့်ထောပတ်သုတ် နှစ်ခုထဲက ကြိုက်ရာ ရွေးချယ်ခွင့် ပေးတာမျိုး၊ ထမင်းအရင်စားမလား၊ ရေအရင် ချိုးမလား ရွေးချယ်ခွင့် ပေးတာမျိုး၊ အရုပ်နှစ်မျိုးထဲက ဘယ်အရုပ်ကို ဝယ်မလဲ ရွေးချယ်ခွင့် ပေးတာမျိုး။ ၂။ ကလေးအတွက် အကုန်လုံး လူကြီးတွေက လုပ်မပေးပါနဲ့ ကလေးကို သူလုပ်နိုင်မယ့် အရာတွေကို သူ့ဟာသူ လုပ်ပါစေ။ လူကြီးတွေက ကလေးတွေအတွက် အကုန်လုပ်ပေးတဲ့ အချက်ထဲမှာ အဓိက အကြောင်းရင်း တစ်ချက်ကတော့ ကလေးကလုပ်ရင် အချိန်ကြာတော့ လူကြီးလုပ်တဲ့ သူက စိတ်မရှည်တော့ပဲ လုပ်ပေးလိုက်တာပါ။ ဥပမာ ကလေးက အင်္ကျီဝတ်ရင် အချိန်ကြာတော့ လူကြီးလုပ်သူက စိတ်မရှည်ပဲ ဝတ်ပေးလိုက်တာမျိုးပေါ့။ စိတ်ရှည်ပါ။ ကလေးအတွက် အင်္ကျီဝတ်တာဟာ သူကျော်လွှားရမယ့် အခက်အခဲ တစ်ခုဖြစ်ပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ရင် ကလေးရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု မြင့်တက်လာမှာ ဖြစ်ပါတယ်။ ၃။ ဘယ်သူမှာ ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ဘူးဆိုတာ ကလေးသိအောင် ရှင်းပြပါ ကလေးက တစ်ခုခုကို မလုပ်နိုင်တဲ့အခါ၊ ဒါမှမဟုတ် ပြည့်စုံအောင် မလုပ်နိုင်တဲ့အခါ ဝမ်းနည်းပြီး စိတ်ဓါတ်ကျတတ်ပါတယ်။ ဘယ်သူမှ ခြောက်ပစ်ကင်းသဲလဲစင် မဟုတ်ဘူးဆိုတာ နားလည်အောင် ရှင်းပြပါ။ သူ့အနေနဲ့ ကိစ္စအားလုံးကို ခြောက်ပစ်ကင်း သဲလဲစင် ဖြစ်အောင်လုပ်စရာ မလိုဘူးဆိုတာ နားလည်အောင် ရှင်းပြပါ။ မိဘကလဲ ကိုယ့်ကလေး မလုပ်နိုင်ရင် ဆူတာ၊ အပစ်တင်တာ၊ ဒါမှမဟုတ် ဒါလေးတောင် မလုပ်နိုင်ရကောင်းလားဆိုတာကို ကိုယ်အမူအရာနဲ့ ပြတာတွေ ရှောင်ကျဉ်ဖို့ လိုပါတယ်။ ၄။ အနှစ်မပါတဲ့ ချီးမွမ်းမှုတွေကို ရှောင်ကျဉ်ပါ အနှစ်မပါတဲ့၊ မမှန်တဲ့…

Continue Readingမိမိကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်မယ့် ရှင်းလင်းလွယ်ကူတဲ့ နည်းလမ်း ၈ ချက်
Read more about the article သင့်ကလေး ဘဝမှာ အောင်မြင်စေချင်သလား၊ ကလေးကို များများ ကစားခိုင်းပါ
လွတ်လပ်စွာ ကစားခုန်စား ပြုလုပ်ခွင့် ရတဲ့ ကလေးတွေဟာ ဉာဏ်ရည် ပိုပြီး ထက်သန်ကြပါတယ်။

သင့်ကလေး ဘဝမှာ အောင်မြင်စေချင်သလား၊ ကလေးကို များများ ကစားခိုင်းပါ

အချို့မိဘတွေက ကလေးတွေကို အောင်မြင်စေချင်တော့ ကျောင်းစာကို ဖိပြီး လုပ်ခိုင်းတတ်ပါတယ်။ ကလေးကို ကစားခွင့်မပေးပဲ၊ ဒါမှမမဟုတ် အချိန်နဲနဲပဲ ကစားခွင့်ပေးပြီး ကျောင်းစာကိုပဲ အချိန်ပြည့်နီးပါး လုပ်ခိုင်းတတ်ကြပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး သုတေသနပြု တွေ့ရှိချက်တွေအရ ဒါဟာမှားယွင်းတဲ့ အမူအကျင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ ပါတ်သက်တဲ့ သုတေသနပြုချက် အများအပြားက ကလေးတွေ ငယ်စဉ်မှာ ကစားခုန်စားပြုတာဟာ အသက်ကြီးလာချိန်မှာ ကလေးရဲ့ လူမှုရေး ပေါင်းသင်းဆက်ဆံမှုစွမ်းရည်၊ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်မှု စွမ်းရည်နဲ့ ကျောင်းပညာရေးအောင်မြင်မှု စွမ်းရည်တွေကို အများကြီး အထောက်အကူ ပြုတယ်ဆိုတာ တွေ့ရှိလာလို့ပါပဲ။ Spiderman လို၊ Batman လို ဝတ်စားပြီး ကစားတာမျိုး၊ Lego လို အိမ်ဆောက်တဲ့ ဘလောက်တုံးတွေနဲ့ ကစားတာမျိုးတွေဟာ ကလေးတွေရဲ့ ဖန်တီးနိုင်မှုစွမ်းရည် (creativity) ကိုဖွံ့ဖြိုးစေပါတယ်။ ဒါ့အပြင် ကလေးရဲ့ စိတ်ခံစားမှု ထိန်းချုပ်နိုင်စွမ်း (emotional intelligence) ကိုလဲ မြင့်တက်လာစေပါတယ်။ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို လေ့လာတဲ့ သုတေသန ပညာရှင်တွေရဲ့ အဆိုအရ ကလေးရဲ့ ဉာဏ်ရည်၊ ပေါင်းသင်းဆက်ဆံမှုစွမ်းရည်နဲ့ စိတ်ခံစားမှုကို ထိန်းချုပ်တဲ့ စွမ်းရည်တွေ တိုးတက်လာစေဖို့ဆိုရင် ကစားတဲ့ ကစားနည်းတွေဟာ အောက်ပါအချက်နဲ့ ပြည့်စုံဖို့ လိုပါတယ်တဲ့။ အဲ့ဒါတွေကတော့ မိဘက အတင်းဖိအားပေး ကစားခိုင်းတဲ့ ကစားနည်းမျိုး မဟုတ်ပဲ ကလေးကိုယ်တိုင်က လိုလိုချင်ချင် ကစားချင်တဲ့ ကစားနည်းမျိုး ဖြစ်ရပါ့မယ်။ကစားတဲ့အခါ ကလေးကို ပျော်ရွှင်မှု ဖြစ်စေရပါ့မယ်။ ပျင်းရိညည်းငွေ့ဖွယ် ကစားနည်းမျိုး မဖြစ်စေရပါဘူး။ကစားနည်းဟာ ကလေးရဲ့ စိတ်အာရုံကို ကြာရှည်စွဲဆောင်နိုင်တဲ့ ကစားနည်းမျိုး ဖြစ်ရပါမယ်။ပုံမှန်နေ့တဒူဝ အဖြစ်အပျက်တွေကနေ သွေဖယ်တဲ့ ကစားနည်းမျိုး (စိတ်အာရုံကွန့်မြူးပြီး ကစားရတဲ့ ကစားနည်းမျိုး၊ ဥပမာ - အာကသထဲ ခရီးသွားတာမျိုး) ဘယ်လိုကစားနည်းမျိုးတွေက အထက်ပါအချက်တွေကို ဖြည့်ဆည်းပေးမလဲ အောက်ပါကစားနည်းတွေဟာ ကလေးရဲ့ ဉာဏ်ရည်၊ ပေါင်းသင်းဆက်ဆံမှုစွမ်းရည်နဲ့ စိတ်ခံစားမှုကို ထိန်းချုပ်တဲ့ စွမ်းရည်တွေကို တိုးတက်မြင့်မား လာစေပါတယ်တဲ့။ စိတ်အာရုံကွန်းမြူးစေတဲ့၊ စဉ်းစားတွေးတောရတဲ့၊ စိတ်ကူးယာဉ်ရတဲ့ ကစားနည်းမျိုးတွေ၊ ဥပမာ - ပုံဆွဲတာ၊ သဲအိမ်ဆောက်တာ၊ ကခုန်တာ၊ စတာတွေဟာ ကလေးရဲ့ တီထွင်ဖန်တီးနိုင်စွမ်း ကိုအားပေးပါတယ်။ဘလောက်တုန်းတွေ၊ ကတ်ထူပြားတွေနဲ့ အိမ်ဆောက်တမ်း ကစားတာ။ ဒီကစားနည်းတွေဟာ ကလေးရဲ့ လက်တွေထိန်းချုပ်စွမ်းအားကို တိုးတက်လာစေတဲ့ အပြင်၊ စိတ်ရှည်မှု၊ စိတ်ခံစားမှုကို…

Continue Readingသင့်ကလေး ဘဝမှာ အောင်မြင်စေချင်သလား၊ ကလေးကို များများ ကစားခိုင်းပါ
Read more about the article Essential Life Skills for Pre-School Children
ခွက်ကနေ ရေသောက်နိုင်တာဟာလဲ ကလေးတွေအတွက် အလွန်အရေးပါတဲ့ စွမ်းရည်တစ်ခုပဲ ဖြစ်ပါတယ်။

Essential Life Skills for Pre-School Children

ကျောင်းမနေမီမှာ ကလေးငယ်တွေကို သူတို့ရဲ့ ဘဝအတွက် အရေးပါတဲ့ Life Skills တွေ တတ်ကျွမ်းအောင် သင်ကြားပေးဖို့ အရေးကြီးပါတယ်။ ကလေးဟာ အရာအားလုံးကို မိဘကိုချည်း မှီခိုနေတာမျိုး မဖြစ်စေပဲ သူတို့တတ်နိုင်တဲ့ အရာတွေကို သူတို့ဟာ သူတို့ လုပ်နိုင်အောင် ငယ်ငယ်ကတဲက လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်ပါတယ်။ အောက်မှာ ကျောင်းမနေမီ ကလေးငယ်တွေ တတ်ကျွမ်းသင့်တဲ့ Life Skill ၁၆ မျိုးကို တစ်ခုချင်း ရှင်းပြပေးထားပါတယ်။ ကလေး ကျောင်းမသွားမီ ဒါတွေအားလုံး တတ်ကျွမ်းအောင် သင်ကြားပေးထားခြင်းဖြင့် ကလေးရဲ့ မိမိကိုယ်ကို ယုံကြည်စိတ်၊ တန်ဖိုးထားစိတ်လဲ မြင့်တက်လာ စေမှာပါ။ ၁။ ကလေးအသက် ၈ လ လောက်ဆို ပိုက်နဲ့ စုပ်ပြီး သောက်တတ်အောင် သင်ပေးလို့ ရပါပြီ. အသက် ၁ နှစ်ခွဲ လောက်မှာ ခွက်ကနေ သောက်တတ် အောင် သင်ပေးပါ။ ၂။ ကလေး အသက် ၁ နှစ်ခွဲလောက်ဆို ဇွန်းနဲ့ ကိုယ့်ဟာကိုယ် စားတတ်အောင် သင်ပေးပါ။ အသက် ၁ နှစ်ခွဲလောက်ကစပြီး ကလေးကို ဇွန်းနဲ့ စားတတ်အောင် လေ့ကျင့်ပေးပါ။ ၃။ ကလေးအသက် ၁ နှစ်ခွဲလောက်ဆို စာအုပ်တွေ မဆုတ်ပြဲစေပဲ စာမျက်နှာတွေ တစ်ရွက်ချင်း လှန်တတ်အောင် သင်ပေးပါ။ ၄။ လက်ကို သေချာဆေးတတ်အောင် အသက် ၁ နှစ်လောက်က စပြီး သင်ပေးပါ။ အသက် ၅ နှစ် ကျောင်းစနေချိန်ဆို လက်ကို ဆပ်ပြာနဲ့ သေချာ စင်ကျယ်အောင် ဆေးတတ်အောင် သင်ပေးဖို့ လိုပါတယ်။ ၅။ အသက် ၁ နှစ်ခွဲနဲ့ ၂ နှစ် ကြားလောက်ကစလို့ သူတို့ကစားလို့ ဖိတ်စင်ကျတောတွေကို သူတို့ဖာသူတို့ အဝတ်နဲ့ သုတ်ပြီး သန့်ရှင်းတတ်အောင် စသင်ပေးပါ။ ၆။ အသက် ၁ နှစ်ခွဲလောက်က စလို့ သွားတိုက်တတ်အောင် စသင်ပေးပါ။ ကျောင်းစနေတဲ့ အချိန်မှာ ကိုယ့်သွားကို ကိုယ်ကိုယ်တိုင် စင်ကျယ်အောင် တိုက်တတ်သင့်ပါပြီ။ အသက် ၁ နှစ်ခွဲလောက်ကစပြီး သွားတိုက်တတ်အောင် စသင်ပေးပါ။ ၇။ အသက် ၂ နှစ်လောက်ကစလို့ ကိုယ်ဝတ်ပြီးသား အဝတ်ဟောင်းတွေကို အဝတ်ဟောင်းခြင်းထဲ ထည့်တတ်အောင် လေ့ကျင့်သင်ကြားပေးပါ။ ၈။…

Continue ReadingEssential Life Skills for Pre-School Children
Read more about the article သင့်ကလေးကို ဘယ်လိုစာဖတ်ပြမလဲ
ကလေးကို ဘယ်လိုစာဖတ်ပြရမလဲ

သင့်ကလေးကို ဘယ်လိုစာဖတ်ပြမလဲ

ကလေးတွေ စာဖတ်တာ စိတ်ဝင်စားအောင် လုပ်ဖို့ဆို ပထမဆုံး ကလေးကို စာအုပ်တွေနဲ့ ယဉ်ပါးအောင် လုပ်ပေးဖို့ လိုပါတယ်။ ဒီလို လုပ်ဖို့ အကောင်းဆုံးကတော့ ကလေးငယ်တုန်းမှာ သူတို့ကို စာဖတ်ပြတာပါပဲ။ စာအုပ်တွေကို ကိုင်တွယ်ထိတွေ့ရတာ ပျော်တဲ့ ကလေးတွေဟာ သူတို့ကြီးလာတဲ့ အခါမှာလဲ စာဖတ်ဖို့ ဝါသနာ ပါလာကြပါတယ်။ အောက်မှာ ကလေးငယ်ငယ်လေးတွေကို ဘယ်လိုစာဖတ် ပြရမလဲဆိုတာ အကြံပြုထားပါတယ်။ တစ်ခါဖတ်ရင် အချိန်နည်းနည်းနဲ့ မကြာခဏ ဖတ်ပြပါ ကလေးတွေရဲ့ စိတ်ဝင်စားမှု ဟာ အချိန်တိုတောင်းလှပါတယ်။ အခု စာအုပ်ကို စိတ်ဝင်စားနေပေမယ့် ခဏနေ သူ့အာရုံက နောက်တစ်ခုကို ပြောင်းသွားပါလိမ့်မယ်။ စိတ်မပျက်ပါနဲ့။ စာအုပ်တစ်အုပ်လုံး ပြီးအောင်ဖတ်ပြစရာလဲ မလိုပါဘူး။ သူတို့ ဖတ်ချင်တဲ့ ကြည့်ချင်တဲ့ စာမျက်နှာ၊ ရုပ်ပုံတွေကို ကလေးက အကြာကြီး အာရုံစိုက်ပြီး အခြား စာမျက်နှာတွေ၊ ပုံတွေကို စိတ်ဝင်စားချင်မှာ ဝင်စားပါလိမ့်မယ်။ တစ်ခါတစ်လေ ကလေးက စာအုပ်ကို ကိုက်တာ၊ စာအုပ်နဲ့ ကစားတာ လုပ်ပါလိမ့်မယ်။ သူလုပ်ချင်တာ လုပ်ပါစေ။ အဓိကက ကလေးနဲ့ စာအုပ် ယဉ်ပါးဖို့ ဖြစ်ပါတယ်။ ပုံလေးတွေအကြောင်း ပြောပြပါ စာတွေအကုန်လုံး ၏၊ သည်၊ ၍ မလွဲ ဖတ်ပြစရာ မလိုပါဘူး။ ရုပ်ပုံလေးတွေပြပြီး သူတို့ကို ပုံထဲက အကြောင်းတွေ ပြောပြပါ။ ဥပမာ ကြောင်ပုံပြပြီး CAT လို့ ပြောပြပါ။ ပြီးရင် အဲ့ဒီ ကြောင်လေး အကြောင်း ပြောပြပါ။ ဘာအရောင်လဲ၊ ဘာလုပ်နေလဲ စသည်ဖြင့်ပေါ့။ တစ်ခါတစ်လေလဲ သီချင်းဆိုပြပါ။ ကလေးကို သူ့ဖာသာ စာမျက်နှာတွေ လှန်ပါစေ ကလေးငယ်လွန်းရင် စာမျက်နှာတွေ သူ့ဟာသူ မလှန်နိုင် သေးပါဘူး။ ဒါပေမယ့် ကလေးအသက် တစ်နှစ်ခွဲလောက်ဆို စာမျက်နှာတွေ လှန်ချင်ပါလိမ့်မယ်။ ၃နှစ် လောက်ဆို ကောင်းကောင်း စာမျက်နှာတွေ လှန်နိုင်ပါပြီ။ ပေးလှန်လိုက်ပါ။ စုတ်သွား ပြဲသွားမှာ သိပ်စိတ်မပူပါနဲ့။ စာမျက်နှာတွေ ကျော်ဖတ်ရင်လဲ ပြဿနာ မရှိပါဘူး။ စာအုပ်အဖုံးကိုအရင်ပြပါ စာအုပ်အဖုံးက ပုံကို ပြပြီး ကလေးကို ဒါဘာပုံပြင်လဲ ပြောပြပါ။ ကလေး ၃-၄ နှစ် လောက်ဆို သူတို့ကို ဘာပုံပြင် ဖြစ်မလဲ အရင်မေးပါ။ စာလုံးလေးတွေကို ထောက်ပြပါ စာဖတ်ရင်…

Continue Readingသင့်ကလေးကို ဘယ်လိုစာဖတ်ပြမလဲ
Read more about the article သင့်ကလေး စာဖတ်ချင်စိတ် ဖြစ်လာအောင် ဘယ်လိုပြုစုပျိုးထောင် ပေးမလဲ
ကလေးတွေ စာဖတ်ဝါသနာ ပါအောင် ငယ်ငယ် ကတည်းက ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။

သင့်ကလေး စာဖတ်ချင်စိတ် ဖြစ်လာအောင် ဘယ်လိုပြုစုပျိုးထောင် ပေးမလဲ

စာဖတ်ခြင်းဟာ ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အလွန်ပဲ အရေးပါပါတယ်။ ဒါပေမယ့် အခုခေတ်မှာ ကလေးတွေဟာ စာဖတ်ဖို့ထက် တီဗီကြည့်ဖို့နဲ့ ဗီဒီယိုဂိမ်း ကစားဖို့ကို ပိုပြီး စိတ်အားသန် ကြပါတယ်။ ကလေးတစ်ယောက်ကို စာဖတ်ခြင်စိတ် ပေါ်လာအောင် လုပ်ဖို့ သိပ်တော့ မလွယ်လှပါဘူး။ ဒါပေမယ့် ကလေးစာအုပ်ကောင်းတွေလဲ ရှိမယ်၊ မိဘကလဲ လိုအပ်တဲ့ အားပေးမှုလုပ်မယ်ဆိုရင်တော့ ကလေးကို စာဖတ်ချင်စိတ် ဖြစ်ပေါ်လာအောင် လုပ်ဖို့ မခက်ခဲလှပါဘူး။ အောက်ပါနည်းလမ်းများနဲ့ ကလေးတစ်ယောက်ရဲ့ စာဖတ်ချင်စိတ်ကို အဆင့်ဆင့် ပြုစုပျိုးထောင် ပေးနိုင်ပါတယ်။ (၁) ကလေးငယ်ငယ် ကတဲကစပြီး သူ့ကို စာဖတ်ပြပါ လူတော်တော်များများဟာ ငယ်ငယ်တုန်းက သူတို့မိဘတွေ သူတို့ကို ယုယုယယ ထွေးပွေ့ပြီး စာဖတ်ပြခဲ့တာကို အသက်ကြီးသည်အထိ မှတ်မိနေကြပါတယ်။ သင့်ကလေးကို ငယ်ရွယ်တုန်းမှာ စာဖတ်ပြတာဟာ သူ့ကို သင်ဘယ်လောက် ချစ်လဲဆိုတာ ကလေးရဲ့ နှလုံးသားထဲ စွဲသွားပြီး တစ်သက်လုံး အမှတ်ရနေစေမှာပါ။ ကလေးကို စာဖတ်ပြခြင်းဖြင့် စာအုပ်တစ်အုပ်ကို ဘယ်လိုကိုင်တွယ်ဖတ်ရှုရမလဲ၊ စာမျက်နှာတွေကို ဘယ်လိုလှန်ရမလဲ ဆိုတာတွေကို ကလေးကို သင်ကြားပေးသလို၊ စာလုံးတွေဟာ စကားလုံးတွေနဲ့ အဓါပ္ပါယ်တွေကို သယ်ဆောင်ထားတယ် ဆိုတဲ့ အမြင်ကိုလဲ ရရှိစေမှာ ဖြစ်ပါတယ်။ ကလေးကို စာဖတ်ပြတဲ့အခါ အသံနေ အသံထားနဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖတ်ပြပါ။ ဒီလို အသံနေ အသံထားနဲ့ ဖတ်ပြတာဟာ ကလေးကို စာအုပ်နဲ့ ဇာတ်လမ်း အပေါ်မှာ ပိုပြီး စိတ်ဝင်စားစေပါတယ်။ ကလေးကို စာဖတ်ပြနေရင်းနဲ့ စကားလုံးလေးတွေ (ကကြီး၊ ခခွေး၊ A B C) ကို ထောက်ပြပြီး အသံထွက်တွေ သင်ပေးပါ။ နောက်နဲနဲ့ စာဖတ်ရင့်လာရင် သူတို့ကို ထောက်ပြပြီး ဒါဘာလဲလို့ မေးပါ။ ကလေးက တဖြည်းဖြည်း စာလုံးတွေနဲ့ အသံထွက်တွေကို မှတ်မိလာပါလိမ့်မယ်။ ကလေးတွေကို စာဖတ်ပြတဲ့ နေရာမှာ နည်းမှန်လမ်းမှန် ဖတ်ပြဖို့ လိုပါတယ်။ (၂) ကလေးတွေ လက်လှမ်းမီတဲ့ နေရာမှာ ကလေးစာအုပ်တွေ များများ ထားပေးပါ စာအုပ်တွေကြားမှာ နေရတဲ့ ကလေးတွေဟာ စာအုပ်တွေကို သူငယ်ချင်းလို ချစ်မြတ်နိုးတတ်ကြပါတယ်။ ဒီကလေးတွေဟာ စာဖတ်ဖို့၊ စာအုပ်တွေကတဆင့် ဗဟုသုတ ရှာမှီးဖို့ ဝါသနာ ပါကြပါတယ်။ ဒါ့ကြောင့် အိမ်မှာ ကလေးစာအုပ်ကောင်းလေးတွေကို ကလေးအလွယ်တကူ လက်လှမ်းမှီနိုင်တဲ့…

Continue Readingသင့်ကလေး စာဖတ်ချင်စိတ် ဖြစ်လာအောင် ဘယ်လိုပြုစုပျိုးထောင် ပေးမလဲ
Read more about the article သင့်ကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု (Self-esteem) ကို ဘယ်လိုမြှင့်တင် ပေးမလဲ
ကလေးတွေရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု ကို မြှင့်တင်ပေးဖို့ အရေးကြီးပါတယ်။

သင့်ကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု (Self-esteem) ကို ဘယ်လိုမြှင့်တင် ပေးမလဲ

ကလေးတစ်ယောက် ကိုယ့်လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး အားရကျေနပ်မှု ရှိတယ် မရှိဘူးဆိုတာကို သတိထား ကြည့်ရင် သိနိုင်ပါတယ်။ တချို့ကလေးတွေဟာ ကိုယ့်လုပ်ဆောင်မှု တစ်ခုခုကို ကျေနပ်ဂုဏ်ယူပေမယ့် တချို့ကလေးတွေကတော့ မိမိရဲ့ လုပ်ဆောင်မှုနဲ့ ပါတ်သက်လို့ ကျေနပ်အားရမှု မရှိပါဘူး။ ဒီလိုမိမိရဲ့ လုပ်ဆောင်မှုကိုဖြစ်ဖြစ်၊ မိမိကိုယ်ကို ဖြစ်ဖြစ် ကျေနပ်တာ၊ အားရတာ၊ ဂုဏ်ယူတာဟာ ကလေးတစ်ယောက် မိမိကိုယ်ကို တန်ဖိုးထားမှု (self-esteem) လို့ ပညာရှင်တွေက သတ်မှတ်ပါတယ်။ မိမိကိုယ်ကို တန်ဖိုးထားတဲ့ ကလေးတွေဟာဆိုရင် မိမိကို မိဘ၊ဆရာမ၊ သူငယ်ချင်းတွေနဲ့ ပါတ်ဝန်းကျင်က တန်ဖိုးထားတယ် လက်ခံတယ်လို့ ခံစားရတယ်သူတို့ဟာ သူများတွေက သူတို့အပေါ် မျှော်လင့်သလိုမျိုး လုပ်ဆောင်နိုင်တယ်လို့ ယုံကြည်စိတ်ရှိတယ်သူတို့လုပ်ဆောင်လိုက်တဲ့ အောင်မြင်မှု တစ်ခုခုအတွက် ဂုဏ်ယူတယ်သူတို့ကိုယ် သူတို့ အကောင်းဖက်ကမြင်တယ်နေ့စဉ်ကြုံတွေ့ရမယ့် စိန်ခေါ်မှု (challenge) တွေအတွက် အသင့်ရှိနေတယ် မိမိကိုယ်ကို တန်ဖိုးမထားတဲ့ ကလေးတွေကတော့ ကိုယ့်ကိုယ်ကို ပြန်လည် ဝေဖန်နေလေ့ရှိတယ်ကိုယ့်ကိုယ်ကို လုံခြုံမှု ကင်းမဲ့နေမယ်၊ အခြားအကလေးတွေနဲ့ ယှဉ်ပြီး ငါသူတို့လောက် အကောင်းဘူး၊ မတော်ဘူး၊ မတတ်ဘူးလို့ ခံစားရတယ်သူတို့မအောင်မြင်တဲ့ လုပ်ဆောင်မှုတွေကိုပဲ အာရုံစိုက်ပြီး သူတို့အောင်မြင်အောင် လုပ်ဆောင်နိုင် တာတွေကိုကျတော့ အလေးမထားဘူးကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့နေမယ်တစ်ခုခု လုပ်မယ်ဆိုရင် ကောင်းမွန်အောင် လုပ်နိုင်မယ်ပါ့မလား ဆိုပြီး အမြဲ သံသယ ဖြစ်နေမယ် ဘာ့ကြောင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုဟာ အရေးပါရတာလဲ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ ကလေးတွေဟာ ဘဝမှာ အောင်မြင်မှုတွေ ရတတ်ပါတယ်။ ကျောင်းစာမှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ဆက်ဆံရာမှာပဲ ဖြစ်ဖြစ်ပေါ့။ ကိုယ့်ကိုယ်ကို လက်ခံယုံကြည်မှုရှိတဲ့ ကလေးတွေဟာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားဖို့ ဝန်မလေးသလို၊ ကိုယ်အရင် မလုပ်ဘူးတဲ့ လုပ်ဆောင်မှု အသစ်တွေကို စမ်းသပ်ကြည့်ဖို့လဲ ဝန်မလေးကြပါဘူး။ အမှားတွေကြုံလာရင်လဲ စိတ်ဓါတ်မကျတတ်သလို၊ ထပ်ပြီးအောင်မြင်အောင် ကြိုးစားဖို့လဲ ဝန်မလေးပါဘူး။ သူတို့ရဲ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ အောင်မြင်မှုတွေကို ဂုဏ်ယူကြတဲ့ အတွက် ဒီကလေးတွေဟာ သူတို့ရဲ့ လုပ်ဆောင်ချက်တိုင်းကို အေကောင်းဆုံးဖြစ်အောင် လုပ်ဆောင် နိုင်ကြပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့ ကလေးတွေကတော့ သူတို့ရဲ လုပ်ဆောင်နိုင်စွမ်းနဲ့ ပါတ်သက်ပြီး အမြဲပဲ သံသယ ဝင်နေလေ့ရှိပါတယ်။ သူတို့ကို အခြားသူတွေက လက်ခံမယ်လို့ မထင်ရင် ဝင်ပါဖို့ ရှောင်ရှားကြပါတယ်။ သူတို့ကို သူများက အနိုင်ကျင့်လာရင်လဲ ငုံ့ခံနေလေ့ရှိပြီး ဒီလို…

Continue Readingသင့်ကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု (Self-esteem) ကို ဘယ်လိုမြှင့်တင် ပေးမလဲ